Monday, May 26, 2014

TubeMate 2.2.3 apk update

Youtube က video ဖိုင်​​တွေကို android phone & tablet ​တွေမှာ download ရယူနိုင်​မဲ့ TubeMate 2.2.3 apk update ​လေး​တွေ့လို့ ပြန်​လည်​ မျှ​ဝေ​ပေးလိုက်​ပါတယ်​။အောက်​ link မှာ ရယူပါ။ 
1>>download dropbox 
2>> download box 

Saturday, May 17, 2014

Emojikeyboard pro 1.4 apk

Emojikeyboard pro 1.4 apk
လေးပါ။စာရေးရင်အရုပ်လေး
ထည့်ပေးလို့ရတဲ့ကီးဘုတ်လေးပါ။
ဒီကီးဘုတ်ကိုသုံးရင်အခြား
ကီးဘုတ်တွေချိန်းသလို
ချိန်းပီးရေးရတာပါ။အသုံးပြုချင်​တယ်​ဆိုရင်​​တော့ ​အောက်​မှာ ယူလိုက်​​နော်​။
download  

Compass apk

Android phone

တွေမှာ  အသုံးပြုလို့ရမဲ့

compass ခေါ်

သံလိုက်အိမ်မြှောင် apk လေး

မျှဝေ လိုက်ပါတယ်

အောက်မှာယူနော်

link 1
 download  
link 2
download 

viber sticker enabler

Android ဖုန်းနဲ့ viber အသုံးပြုသူတွေဟာ viber sticker လေးတွေနဲ့  viber မိတ်ဆွေအချင်းချင်းပို့ပြီး ဆက်သွယ်ကြပါတယ်။ sticker store က ငွေပေးဝယ်ရမဲ့ sticker လှလှလေးတွေကို free ရယူနိုင်မဲ့ ဆရာ ကိုသက်နိုင်စိုး ရေးသား ဖန်တီးထားတဲ့ viber sticker enabler ဆိုတဲ့ဆော့ဝဲလေး မျှဝေလိုက်ပါတယ်။ မိမိဖုန်းက root ဖောက်ပြီးသားဖြစ်ဖို့တော့လိုပါမယ်။ အသုံးပြုပုံကတော့..
၁ >> ဒီဆော့ဝဲလေး ဒေါင်းယူ install လုပ်ပါ။
၂ >> မိမိဖုန်း setting ကနေ app manager မှာ viber ဆော့ဝဲကို force stop လုပ်ပါ။
၃ >> viber sticker enabler ကိုဖွင့်ပြီး Hack Me ဆိုတာနှိပ်ပါ။
၎ >> Now, viber stickers are free ဆိုတာပြရင် နှိပ်လိုက်ပါ။
ဒါဆိုရင် မိမိ viber ဆော့ဝဲထဲ ၀င်နိုင်ပါပြီ။ sticker store မှာ မိမိပိုင်sticker တွေ ၃၆ မျိုးလောက် downloaded ဖြစ်ပြီး အသုံးပြုဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ သတိပေးစရာရှိပါသေးတယ်။ ဒီလို sticker တွေ free ယူလိုက်ပြီဆိုရင် မိမိရဲ့ မိတ်ဆွေများနဲ့ ဆက်သွယ်ထားသမျှ မက်ဆေ့တွေအားလုံးတော့ ပျက်သွားမှာပါ။ အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူလိုက်ပါနော်။ အဆင်ပြေပါစေ..
link 1 download dropbox  
link 2download mediafire 


Posted via Blogaway

Friday, May 16, 2014

Multiline Keyboard

ဒီဟာလေးကတော့ ဖုန်းအတွက် အသုံးဝင်တဲ့ မြန်မာလက်ကွက်တစ်ခုပါ သို့ သော်

ဖုန်းသေးရင် Frozen လက်ကွက်လောက် မရှင်လင်းဘူး ဖုန်းမျက်နှာပြင် ကျယ်ရင်

ကောင်းတယ်  လက်ကွက်စနစ်က  ကွန်ပျုတာ  မြန်မာလက်ကွက်လိုပါပဲ ဒီဟာက

ဘာကောင်းလည်းဆိုရင် မြန်မာဘာသာ  အပြင် တခြား နိုင်ငံစုံက ဘာသာအကုန်

ပြောင်းရေးလို့ ရအောင် ထည့်ထားပေးတယ်။ Frozen သုံးနေတဲ့သူက မြန်မာရယ်

အင်္ဂလိပ်ရယ်ပဲ ရေးလို့ ရမယ် ။ ဒီဟာကတော့  ဘာသာ ၂၀၀ လောက်ပါနေတော့

နိုင်ငံအကုန်လို့ တောင် ပြောလို့ ရတယ် ဒီလိုဆို နိုင်ငံရပ်ခြားရောက်တဲ့ မြန်မာတွေ

သက်ဆိုင်ရာ  နိုင်ငံအလိုက် ရေးတတ်ချင်ရင် ရေးပြီးပို့ ချင်ရင် ဒီဟာလေးကနေပြီး

ပြောင်းရေးလို့ ရနေတော့ တကယ်အသုံးဝင်တယ်လို့ ထင်မိပါတယ်
 download 


Posted via ymo

Wednesday, May 14, 2014

ADM Pro 3.5.5 apk

ADM Pro 3.5.5 apk ​လေးပါ။အသုံးပြုချင်​တယ်​ဆိုရင်​​တော့ ​အောက်​မှာ ယူလိုက်​ပါ။ 
download here 


Posted via ymo

အောင်မြင်လိုသူတိုင်း လိုက်နာရှောင်ကြဉ်ရမယ့် အချက် - ၂၀

၁. စွန့်စားလိုစိတ် မရှိခြင်း။
(Unwillingness to take risks)

၂. ဇွဲမရှိခြင်း။
(Lack of persistence)

၃. ကျေနပ် လွယ်ခြင်း။
(Instant gratification)

၎. ဦးစားပေးလုပ်ဆောင်မှု မရှိခြင်း။
(Lack of priorities)

၅. ဖြတ်လမ်းကို ရှာခြင်း
။(Looking for shortcuts)

၆. အတ္တ၊ လောဘ များခြင်း။
(Selfshness and greed)

၇. ခိုင်မာတဲ့ ယုံကြည်ချက် မရှိခြင်း။
(Lack of conviction)

၈. သဘာဝနိယာမကို ကောင်းကောင်းနားမလည်ခြင်း။
(Lack of understanding of nature's laws)

၉. ကြိုတင်စီစဉ်ပြီး ပြင်ဆင်ဖို့ ဆန္ဒမရှိခြင်း။
(Unwillingness to plan and prepare)

၁၀. ရှာကြံအကြောင်းပြတတ်ခြင်း။
(Rationalizing)

၁၁. အမှားကို သင်ခန်းစာ မယူခြင်း။
(Not learning from past mistakes)

၁၂. အခွင့်အရေးကို မြင်အောင် မကြည့်နိုင်ခြင်း။
(Inability to recognize opportunity)

၁၃. အကြောက်ကြီးခြင်း။
(Fear)

၁၄. ပင်ကိုယ်စွမ်းရည်ကို အသုံးမချတတ်ခြင်း
။(Inability to use talents)

၁၅. စည်းကမ်းလိုက်နာမှု မရှိခြင်း။
(Lack of discipline)

၁၆. မိမိကိုယ်ကို တန်ဘိုးမထားခြင်း။
(Lack of self-esteem)

၁၇. အသိပညာ ဗဟုသုတ ချို့တဲ့ခြင်း။
(Lack of knowledge)

၁၈. ကံကိုယုံကြည်တဲ့ သဘောထားရှိခြင်း။
(Fatalistic attitudes)

၁၉. ရည်ရွယ်ချက် မခိုင်မာခြင်း။
(Lack of purpose)

၂၀. သတ္တိနည်းခြင်း။
(Lack of courage)

သူငယ်ချင်းတို့ရေ………

ဒီအချက် ၂၀-ဟာ Shiv Khera ရဲ့ You Can Win စာအုပ်ရဲ့ အခန်း(၂) Success; Winning stragegies ထဲက ထုတ်နှုတ် ဘာသာပြန် ရေးသားထားတာ ဖြစ်ပါတယ်။ ဒီအချက်ကလေးတွေကို လိုက်နာရှောင်ကြဉ်မယ်ဆိုရ7င် ဘဝအောင်မြင်ရေးအတွက်
အလွန်တန်ဖိုးကြီးတဲ့ အချက်တွေဖြစ်တာမို့ ဖေါ်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ဘဝနဲ့ဆန္ဒ တသားတည်းကျပါစေ………
Credit>> လင်းမြတ်​ (ပန်း​တောင်း)


Posted via Blogaway

 အင်တာနက် Connection ရှိစရာသိပ်မလိုအပ်တော့တဲ့ Google Now

Android ဖုန်းတွေအတွက်ကတော့ Google Now လိုဆော့ဝဲကိုမရှိမဖြစ်သွင်းထားဖို့လိုပါတယ်။ Google Now သွင်းထားခြင်းဖြင့် အင်တာနက်မှ ရှာဖွေလိုတာတွေကို အသံနဲ့အမိန့်ပေးခိုင်းစေတာတို့ ၊ ဖုန်းတွင်း system တစ်ချို့ကိုခိုင်းစေတာတို့ ၊ သိချင်တာတွေကိုမေးမြန်းတာတို့ကိုပြုလုပ်နိုင်မှာပါ။
ဒါပေမယ့် နေရာတိုင်းမှာ အင်တာနက်လိုင်းကောင်းကောင်းမမိနိုင်သလို ၊ လိုဏ်ခေါင်းတွေထဲမှာကားမောင်းတဲ့အခါတို့ ၊ တောင်တက်နေတဲ့အခါတို့မှာ ဖုန်းလိုင်းက သိပ်မမိနိုင်ပါဘူး ။ ယင်းအချိန်များမှာ အင်တာနက် Connection ရှိမှအသုံးပြုနိုင်မယ့် Google Now လို app မျိုးဟာ သိပ်အသုံးဝင်တော့မှာမဟုတ်ပါဘူး ။ Google ကလည်း ဒီအချက်ကိုသတိထားမိပုံရပါတယ်။  အခုနောက်ဆုံး Android အတွက် update ထုတ်ဝေလိုက်တဲ့ Google Search app မှာ Google Now နဲ့တွဲဖက်အသုံးပြုနိုင်ပြီး Google Now ရဲ့အင်တာနက်ကွန်နက်ရှင်ရှိမှအသုံးပြုနိုင်မယ့်အဖြစ်ကို အတတ်နိုင်ဆုံးလျှော့ချထားတာကိုတွေ့ရပါတယ်။  ဒါကြောင့် Google Now ကိုဖုန်းမှာအင်တာနက်ကွန်နက်ရှင်ပြတ်တောက်သွားချိန်မှာတောင် အသုံးပြုချင်တယ်ဆိုရင်တော့ သင့်ဖုန်းထဲက Google Search app ကို latest version သို့ update မြှင့်ထားဖို့လိုမှာဖြစ်ပါတယ်။  မိမိတို့ရဲ့ Android ဖုန်းတွေအတွက် Google Search latest version ကိုတော့ အောက်က link ကနေ ရယူနိုင်မှာဖြစ်ပါတယ်။

https://play.google.com/store/apps/details?id=com.google.android.googlequicksearchbox 


Posted via Blogaway

Viber 4.3.3.67 apk

Viber 4.3.3.67 apk update ​လေးပါ။ အသုံးပြုချင်​ရင်​​တော့​ ​အောက်​မှာရယူနိုင်​ပါတယ်​။

 download 


Posted via Blogaway